ကိုယ့်ရဲ့ Google Account ကို Security စစ်ပေးခြင်းဖြင့် Google Drive အတွက် အပိုFree 2GB Space ကို အမြန် ရယူပါ။

6:50pm on Monday 10th April 2017

Safer Internet Day 2016 ကို ဂုဏ်ပြုတဲ့အနေနဲ့ Google Account တစ်ခုရှိပြီး Google Drive သုံးသူတွေအတွက်ကို Security စစ်ပေးရုံဖြင့် 2GB Space ကို Free ပေးနေပါတယ်။ မနှစ်ကလဲ 2 GB Free ပေးခဲ့သေးတဲ့အတွက်ကြောင့် Google ရဲ့ ထုံးစံတစ်ခုလို ဖြစ်လာပါပြီ။

Google Drive ဆိုတာ Google Account တစ်ခုရှိတဲ့သူတိုင်းအတွက် Free 15GB ရရှိထားနိုင်တဲ့ Data တွေ Free သိမ်းဆည်းထားနိုင်တဲ့ Cloud Drive ဖြစ်ပါတယ်။ File Format မျိုးစုံကို Upload လုပ် သိမ်းဆည်းထားနိုင်ပြီး၊ လိုအပ်တဲ့အချိန် Internet ရှိတဲ့ နေရာတိုင်းမှာ Download ပြန်ဆွဲ အသုံးပြုလို့ရပါတယ်။ Word တို့ Excel တို့ကို Online Browser မှာတင် Edit လုပ် Save လုပ်လို့ရပါတယ်။ Thumb Drive တွေ Virus ကိုက်လို့တို့၊ CD တွေအစင်းရာထင် File ပျက်လို့တိုင်ပတ်တဲ့ ဒုက္ခတွေ ငြိမ်းသွားတာပေါ့။ Google Product တွေနဲ့မရင်းနှီးသေးတဲ့သူတွေအတွက် မိတ်ဆက်ရှင်းပြရခြင်းပါ။

Google Drive မရှိသေးတဲ့သူတွေ ဒီနေရာမှာ Sign Up လုပ်ပါ။ Free 15GB ရပါမယ်။

ရှိပြီးသား 2GB Free ထပ်လိုချင်သူတွေကတော့ ဒီနေရာမှာ နှိပ်ပါ။

၁) Check your recovery information မှာ ဖုန်းနံပါတ်၊ Email ဖြည့်ပါ။ (တစ်ခုဖြည့်ရင်ရပြီ၊ ရှိပြီးသားလူက ကျော်သွား) ပြီးရင် Done ကို နှိပ်ပါ။

၂) Check your connected devices ကိုယ့်ရဲ့ အကောင့်ကို သုံးထားတဲ့ ကွန်ပျူတာ၊ ဖုန်း၊ Tablet နဲ့Device မျိုးစုံကို Login ဝင်ထားတဲ့ အချိန်၊ နေရာနှင့်တကွ တွေ့ရမယ်။ အားလုံး Ok တယ်ဆိုရင် Looks good ကိုနှိပ်။

၃) Check your account permissions ကိုယ့် Google Account ကနေ Access ပေးထားတဲ့ Application တွေဖြစ်ပါတယ်။ သံသယရှိပြီး ကိုယ်မမှတ်မိတဲ့ App ဆိုရင် Remove ပေါ့။ ပြီးရင် ဆက်သွား။ Check your passwords လဲ အတူတူပဲ။ Ok ရင် ဆက်သွား၊ မအိုကေရင် Revoke။

၄) 2-Step Verification settings ကတော့ ကိုယ်ထားချင်ရင်လဲရတယ်။ မထားလဲ ရတယ်။ ပိုပြီး Secure ဖြစ်ချင်ရင်တော့ လုပ်လိုက်ပေါ့။ (ပုံမှန်တော့ ဒီအဆင့်မလာပါဘူး၊ လာရင်လဲ Skip လိုက်ပါ၊ ဘာမှမဖြစ်ဘူး။)

၅) Continue to account settings ကိုရောက်ပါမယ်။ ဒီအချိန်မှာတော့ ခင်ဗျားဟာ Google ကပေးတဲ့ အပို Free 2GB Space ကို ရရှိပြီးပါပြီ။ အာလုံး 17GB ပေါ့။ ဒီနေရာကို နှိပ်ပြီး စစ်ကြည့်ပါ။

သတိ။ ယခု Offer က အမြဲတမ်းရနေမှာ မဟုတ်ပါ။ နောက်ဆုံး ရနိုင်တဲ့နေ့က 11 February 2016 ဖြစ်ပြီး၊ တစ်ချို့ကတော့ 17 February 2016 လို့ပြောကြပြန်ပါတယ်။ (ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက် အချိန်မှီပါသေးတယ်။ စမ်းကြည့်ပြီး ရရင်မန့်ခဲ့၊ မရလဲ နောက်နှစ်ထပ်စောင့်ပေါ့ဗျာ။ Anyway, FREE ရတာပဲဗျာ နော့် :))

Cloud Drive တွေ အနေနဲ့Free ပေးတဲ့ Service တော်တော်များများရှိပေမဲ့၊ ကိုယ့်ရဲ့ Data လုံခြုံစိတ်ချရဖို့ အတွက် နာမည်ကြီး Trusted Brand တွေကိုသာ အသုံးပြုဖို့အကြံပြုပါတယ်။ Apple Cloud က 5GB Free, Microsoft က One Drive 25GB Free, Google Drive က 15GB Free ပေးထားပါတယ်။ Mobile/ Tablet တွေအတွက် Official App တွေရှိပါတယ်။

အထက်ဖော်ပြပါ Product အားလုံးအတွက် Paid Version လဲ ရှိပါတယ်။ Physical Hard Drive တွေဟာ အင်တာနက်တွေ မြန်ဆန်လာတဲ့ တစ်နေ့ ပျောက်ကွယ်သွားမှာဖြစ်ပြီး၊ End User တွေဟာ မဝေးတောတဲ့ ကာလတစ်ခုမှာမှာ Cloud Drive တွေကိုပဲ သုံးကြတော့မယ်လို့ပညာရှင်တွေက ဆိုပါတယ်။

နည်းပညာတိုးတက်မှုနဲ့အားလုံးအဆင်ပြေပါစေ။