Covid-19 or Corona Virus အတွက်သိထားသင့်တဲ့အချက်များ

7:17pm on Tuesday 17th March 2020

၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ ပေါ်ပေါက်လာတဲ့ Covid-19  ခေါ် Corona Virus အသစ်တစ်မျိုးဟာ ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများအားလုံးနီးပါးအပေါ် ချိန်းခြောက်မှုဖြစ်နေပါပြီ။ ယခုအခြေအနေအထိတော့ ဒီရောဂါအတွက် ကာကွယ်ဆေးမရသေးတဲ့ အပြင်ကူးစက်မှုနှုန်းမှာလဲ ြမင့်တက်နေပါတယ်။ ဒါကြောင့်မိမိကိုကိုယ် Virus နဲ့မထိတွေ့အောင်ကာကွယ်ဖို့ကအလွန်အရေးကြီးပါတယ်။ဒီရောဂါကြောင့် အလွန်အကျွန် စိုးရိမ်မှုလွန်ကဲစရာ မလိုသလို ဂရုမစိုက်ပဲပေါ့ပေါ့တန်တန်ထားလို့မရပါ။ 


ဒီရောဂါဟာလေထုထဲက ပြန်နှံ့ပြီး မျက်စိနဲ့ မမြင်နိုင်လို့ ကူးစက်မှုနှုန်းမြန်ပါတယ်။


Corona ရောဂါလက္ခဏာ ရှိသောမည်သူမဆို နှာခေါင်းစည်း အသုံးပြုပေးရန်လိုအပ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးလုပ်သားများ နှင့် နေမကောင်းသော လူနာများအားပြုစုစောင့်ရှောက်ပေးရသော မည်သူမဆို နှာခေါင်းစည်း အသုံးပြုပေးရန်လိုအပ်ပါတယ်။


အကယ်၍ဖျားနာနေလျှင် အိမ်မှာပဲနေပြီး အလျင်အမြန်ကုသသင့်ပါတယ်။ကိုယ်ခံအကောင်းအောင်နေပါ အိပ်ရေးဝအောင်အိပ်ပါ။


အရေးအကြီးဆုံးအချက်အနေနဲ့ သင့်၏လက်ကို ရေနှင့်ဆပ်ပြာ အသုံးပြု၍ မိနစ်၂၀ ခန့် အနည်းဆုံးဆေးကြောပေးပါ။ ရေနှင့်ဆပ်ပြာ အလွယ်တကူမရနိုင်ပါက Alcohol-based လက်ဆေးရည်များဖြင့်လည်း ဆေးကြောနိုင်ပါတယ်။ 


လက်မဆေးပဲ မိမိရဲ့မျက်နှာ၊နှာခေါင်း၊မျက်စိ စတာတွေကိုခဏခဏပွတ်ခြင်းမှရှောင်ကျဥ်ပါ။


ရေသောက်နည်းတဲ့သူတွေအနေနဲ့လည်း ရေများများသောက်ပေးပါ။ 


ဖြစ်နိုင်ရင် လူသူထူထပ်တဲ့နေရာတွေသွားခြင်းကို ရှောင်ကြဥ်ပါ။



ဒီအချက်တွေက လက်ရှိမှာ သက်ဆိုင်ရာ ဌာနတွေ့ကလည်း ကြေညာထားပြီးပါပြီ။ မိတ်ဆွေတို့အနေနဲ့လည်း ကိုယ့်ကျန်းမာရေးအတွက် ဒီအချက်တွေကို ဂရုတစိုက် လိုက်နာဖို့ အကြံပေးလိုပါတယ်။