သင့်ရဲ့ Facebook Account ကိုလုံခြုံရေးမြှင့်တင်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကိုသိထားဖို့လိုပါတယ်။ သိပြီးသူတွေများနိုင်ပေမယ့် ဂရုပြုထားတာမမှားနိုင်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေကို Facebook ရဲ့ Setting ထဲမှာ ဝင်ရောက်လုပ်ဆောင်နိုင်ပါတယ်…
Protect Your Password
တစ်ခြားတစ်နေရာရာမှာ သုံးစွဲဖူးတဲ့ Password မျိုးကိုပြန်မသုံးသင့်ပါဘူး။ ခန့်မှန်းရခက်ပြီးရှုပ်ထွေးတဲ့ Password မျိုးကိုအသုံးပြုသင့်ပါတယ်။
Turn On Login Alert
Login Alert ကို On ထားခြင်းဖြင့် တစ်စုံတစ်ယောက်က သင့် Account ကို Recognize မလုပ်ထားတဲ့ အခြား Device တစ်ခုခုကဝင်တဲ့အခါမှာ Facebook က သင့်ကို Email တွေ Phone number တွေကနေတစ်ဆင့် Alert လုပ်ပေးမှာဖြစ်ပါတယ်။
Review Your Login
သင်လက်ရှိအသုံးမပြုတော့တဲ့ Device မှာ အရင်ကသုံးခဲ့တဲ့ Session တွေကိုဖြုတ်ပေးပါ။သင့်ရဲ့ Up To Date ဖြစ်တဲ့ Phone number နဲ့ Email တွေကိုထည့်သွင်းထားခြင်းဖြင့် သင့် Account password မေ့တဲ့အခါမျိုးတွေမှာ Facebook ကကူညီနိုင်မှာဖြစ်ပါတယ်။
Watch out for phishing link and scams
သံသယဖြစ်စရာကောင်းတဲ့ Link တွေပို့လာခဲ့ရင်အလွယ်တကူမဝင်ပါနဲ့။ အထူးသဖြင့် Personal information တွေ ငွေကြေးနဲ့ပက်သက်တဲ့ အချက်အလက်တွေတောင်းတဲ့ Link တွေကို မိမိရဲ့အချက်အလကတွေမပေးမိဖို့သတိပြုပါ။Facebook ကနေပြီးဘယ်တော့မှ သင့် Password ကို Email ကနေမတောင်းပါဘူး။အားလုံးပဲအဆင်ပြေကြပါစေ။