သင့် Website အတွက် Ranking ကောင်းမွန်စေဖို့အတွက်

7:24pm on Sunday 30th December 2018


Digital Marketing နယ်ပယ်မှာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ဆို ရင်တော့ ဒီ အချက်လေးတွေကို အခြေခံသဘောတရားလောက်တော့သိထားသင့်ပါတယ်။ အခုဖော်ပြပေး မယ်အချက်လေးတွေကတော့ Digital Marketing နယ်ပယ်မှာပါဝင်တဲ့ SEO ရဲ့အရေးပါပုံနဲ့ သိရှိသင့်တဲ့အခြေခံအချက်လေးတွေပဲဖြစ်ပါတယ်။ သင့် Website ကို Google မှာ Ranking ကောင်းကောင်း ရချင်ပါ သလား? သင်ကိုယ်တိုင်သင့်ရဲ့ Website Rank ကောင်းအောင် သတိထားပြီးလေ့လာနိုင်မဲ့ SEO Tips အချို့ကိုဖော်ပြပေးပါမယ်...




Create Content


Search Engine က Content အသစ်တွေကို ပိုအသားပေးပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ Website က Blog တွေကို အမြဲ Update ဖြစ်အောင် လုပ်ပေးပါ။ သင့်ရဲ့ Website ဟာ Google Friendly ဖြစ်နေ မယ်ဆိုရင် SEO အတွက် အထောက်အပံ့ ကောင်းရပါတယ်။ Content မှာ SEO အတွက်လိုအပ်တဲ့ Content တွေပါသေချာထည့်ရေးဖို့လိုအပ်ပါတယ်၊ ရေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။




Connect Content


သင့်ရဲ့ Website အတွင်းမှာ Page နဲ့ Post တွေကိုချိတ်ထားတဲ့ Interlink တွေဟာ တိတိကျကျနဲ့ ချိတ် ဆက်ထားဖို့ လိုအပ်ပါတယ်။ ချိတ်ဆက်ထားတဲ့ Interlink တွေက ညွန်ပြထားတဲ့ နေရာကို မရောက်ပဲ မဆိုင်တဲ့ နေရာကိုရောက်သွားမယ်ဆိုရင် သင့် Website အတွက် မဖြစ်သင့်တဲ့ အားနည်းချက်တွေဖြစ်သွားတတ်ပါတယ်။




Use Images


ကိုယ့်ရဲ့ Website မှာ Content တွေချည်းပဲဆိုရင် Audience အတွက်ငြီးငွေ့စရာဖြစ်တတ်ပါတယ်။ Audience ဟာ Content နဲ့ Image လေးတွေကိုတွဲဖက်ပြီး ဖတ်ရှုရတာကို ပိုပြီးနှစ်သက်ကျပါတယ်။ သတိထားရမဲ့ တစ်ချက်ကတော့ ကိုယ့်အသုံးပြုတဲ့ ပုံကို Audience ကနှစ်သက်ပေမဲ့ Search Engine က အသိအမှတ်မပြုတာရှိတဲ့အတွက် ပုံအသုံးပြုတဲ့ နေရာလည်းသတိထားဖို့လိုအပ်တယ်။ 




Optimize Your URL


သင့် Website URL ကိုပေးတဲ့အခါမှာလည်း Website မှာရှိတဲ့ Articles တွေထဲမှာ ပါတဲ့ Main Keywords တွေပါအောင် ပေးသင့်ပါတယ်။ SEO လုပ်တဲ့အချိန်မှာ သင့်ရဲ့ Website URL မှာပါတဲ့ Keywords နဲ့ Website ရဲ့ Main Keywords တွေနဲ့ လွဲနေမယ်ဆိုရင် သင့်ရဲ့ Website Ranking တက်မယ့်နေရာမှာ အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။




Optimize For Mobile 


သင်ရဲ့ Website ဟာ Desktop View မှာအဆင်ပြေပြီး Mobile View မှာ Responsive ဖြစ်မနေရင်လည်း အဆင်မပြေပါဘူး။ သင့်ရဲ့ Website ဟာ Mobile Devices တွေမှာပါ အဆင်ပြေနေမှသာ Ranking အတွက်အဆင်ပြေမှာဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင် Mobile Devices တွေနဲ့ Website ရှာဖွေဟာဆိုရင် Desktop/Laptop တွေနဲ့ ရှာဖွေမှုကို ပိုများတာကိုလည်းတွေ့ရှိရပါတယ်။ ဒါကြောင့်သင့်ရဲ့ Website ကို Responsive ဖြစ်နေအောင် ဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။ 




ဒါကြောင့်မို့ သင့်ရဲ့ Website ကို SEO ပြုလုပ်မယ်ဆိုရင်လည်းအထက်ပါ အချက်လေးတွေကို ကြည့်ရှုလေ့လာပြီး ဆောင်သင့်၊ ရှောင်သင့်တာလေးကို သတိထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လွယ်ကူတယ်လို့ထင်ကောင်းထင်နိုင်ပေးမယ့် ထိထိရောက်ရောက်အသုံးချနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ 




Ref - socialmediatoday